Tuesday, October 12, 2010

Pake Protaction 2010

Pake Protaction 2010 ဗိုင်းရပ်ပါ၊
လူကလေး ဒီဗိုင်းရပ် ကို အခုမှ တွေ့ဖူးတာပါ။ သူက စက်ထဲက browser အားလုံးကို ကိုက်လိုက်တယ်၊
ပြီးတော့ task Manager ကိုလဲ ကိုက်လိုက်တယ်။ အင်တာနက်ကို သုံးလို့မရအောင်လုပ်ထားတာပေါ့
အင်တာနက်သုံးချင်ရင် အဲဒါကို ၀ယ်ရမယ်လို့ပြောနေတယ်လဲ။ လူကလေး လဲ ဗိုင်းရပ် ဆိုတာကိုသိတာနဲ့
ချက်ချင်း System restore ပြန်လုပ်တာပေါ့။ ဒီကောင်က လဲခေသူမဟုတ်ဘူး System Restore ကိုပေးလုပ်ဘူး။ လူကလေး တော့ ခေါင်းမီးတောက်သွားတယ်၊ ဒီတစ်ခါတော့ သွားပြီးပေါ့ ၊
ကွန်ပျူတာဖွင့်လိုက်ပြီးဆိုတာနဲ့ သူက အရင်ပေါ်လာတာဘဲ ရွေးစရာလဲ OK တစ်ခုဘဲပေးထားတယ်
သူလုပ်ထားပုံလေးကတော့ ကောင်းပါ့ဗျာ မသိရင် သူကဘဲ ဗိုင်းရပ်ကို တတ်ပေးနေသလို scan တွေဘာတွေလုပ်နေလိုက်တာ။ ပြီးရင် သူ့ဗိုင်းရပ်ကိုသူပြန်ပြတယ် အဲဒါကိုတတ်နိုင်ဘို့ကိုပိုက်ဆံတောင်းတော့တာဘဲ။ဒီလိုပုံစံမျိုးလေးပေါ်လာတယ်။
အင်တာနက်လဲသုံးလို့မရတော့ လူကလေး တော့ရူးချင်တော့တာဘဲ။
နောက်ဆုံးတစ်ခြားကွန်ပျူတာတစ်လုံးနဲ့ ရှာလိုက်တာ STOPzilla ဆိုတာလေးကိုတွေ့လိုက်တယ်
ဒါနဲ့ဘဲ ရှင်းလိုက်တာအဆင်ပြေသွားတယ်
သူငယ်ချင်းတွေလဲ ကြုံလာခဲ့ရင်အလွယ်တစ်ကူရှင်းနိုင်အောင်လို့တင်ပေးထားပါတယ်
စပိုင်ဝဲလ် တော်တော်များများကို တတ်နိုင်တယ်။ လိုချင်ရင်တော့ ဒီနေရာကဒေါင်း လိုက်ကြပါ။
 အားလုံးအဆင်ပြေကြပါစေလို့ လူကလေးဆုတောင်းပေးပါတယ်၊

No comments:

Post a Comment