Friday, October 29, 2010

EBUDDY

အခုနောက်ပိုင်း gtalk မှာ connection ကျနေကြတယ်။ အထူးသဖြင့်မြန်မာပြည်ကပေါ့
အခုပေးမယ့် နည်းကတော့ လူကလေးသူငယ်ချင်းတစ်ယောက်ပြောပြတာပါ၊
အကောင့်တစ်ခုတည်းကနေ တစ်ခြား chatting တော်တော်များများကို ပြောလို့ရပါတယ်၊
ဒါပေမယ့် ဖုန်းတော့ခေါ်လို့မရဘူးနော်။ စာရိုက်မယ်ဆိုရတော့ရိုက်လို့ရပါတယ်
ဘယ်လိုဘဲဖြစ်ဖြစ် အဆက်သွယ်လုပ်လို့မရတာနဲ့စာရင်တော့ ကောင်းသေးတာပေါ့
ကဲ .. ဘယ်လိုလုပ်ရမလဲဆိုတာပြောကြရအောင်
၁။ http://www.ebuddy.com/ebuddy_id.php ကို သွားလိုက်ပါ။
၂။ အဲဒီမှာ create an eBuddy ID ကိုတွေ့ရင် တစ်ချက်ကလစ်လိုက်ပါ။
ပြီးရင် အကောင့်တစ်ခုဖွင့်လိုက်ပေါ့။
၃။ ဖွင့်လို့ပြီးသွားရင် www.ebuddy.com ကိုသွားလိုက်ပါ။အပေါ်ဆုံးမှာ web ဆိုတဲ့ နေရာကိုတစ်ချက်ကလစ်လိုက်ပါ။
၎။ အဲဒီမှာ အစိမ်းရောင်လေးနဲ့ Start The New Messenger ဆိုတာကိုကလစ်လိုက်ပါ။
၅။ ဒါကနောက်ဆုံးအဆင့်ဘဲ အဲဒီလိုကလစ်လိုက်တာနဲ့ new window တစ်ခုပေါ်လာပါမယ်၊
အဲဒီနေရာမှာ ကိုယ်က ဘယ်ကိုဆက်သွယ်ချင်တယ်ဆိုတာကို မေးပါလိမ့်မယ်။
Network နေရာမှာ သုံးချင်တဲ့ လိုင်းကိုရွေးပေါ့ gtalk ဆိုရင် gtalk ပေါ့။ yahoo ဆိုရင်လဲ yahoo ကိုရွေးပေါ့
ပြီးရင် sing in လုပ်လိုက်တာနဲ့ ပြောလို့ရပြီး
ကဲ.. အားလုံးအဆင်ပြေကြပါစေဗျာ
လုပ်လို့မခဲ့ရင် lukalay4@gamil.com ကိုဆက်သွယ်ပြီးမေးနိုင်ပါတယ်

Saturday, October 23, 2010

ဓါတ်ပုံတွေကိုပြန်ရှာမယ်

Magic.Photo Recover
ဒါကတော့ ကင်မရာ ထဲမှာ ရိုက်ထားတဲ့ဓါတ်ပုံကို မှားပြီးဖျက်လိုက်မိတဲ့ပုံတွေကို ပြန်လိုချင်ရင်ရှာပေးတဲ့ဆော့ဝဲလ်လေးပါ၊ လူကလေးစမ်းသုံးကြည့်တော့ ပုံအားကိုပြန်ရတယ်
လူကလေးကတော့ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ keygan ပါတစ်ခါတည်းပါလာလို့လေ
ဘယ်လိုဘဲဖြစ်ဖြစ် ကြုံလာရင်သုံးလို့ရအောင်လို့ လူကလေး တင်ထားပေးပါတယ်၊
ဒေါင်းလော့လုပ်မယ်ဆိုရင်တော့ Magic.Photo Recover ကို နှိပ်လိုက်ပေါ့

အားလုံးအဆင်ပြေကြပါစေလို့ လူကလေးဆုတောင်းပေးပါတယ်

Wednesday, October 13, 2010

Uninstall Remover

မလိုချင်တဲ့ ဆော့ဝဲလ်တွေကို ထုတ်ပြစ်ပေးတဲ့ဆော့ဝဲလ်ပါ၊
လိုချင်ရင် ဒီကနေဒေါင်း လိုက်ကြပါ၊

Tuesday, October 12, 2010

Pake Protaction 2010

Pake Protaction 2010 ဗိုင်းရပ်ပါ၊
လူကလေး ဒီဗိုင်းရပ် ကို အခုမှ တွေ့ဖူးတာပါ။ သူက စက်ထဲက browser အားလုံးကို ကိုက်လိုက်တယ်၊
ပြီးတော့ task Manager ကိုလဲ ကိုက်လိုက်တယ်။ အင်တာနက်ကို သုံးလို့မရအောင်လုပ်ထားတာပေါ့
အင်တာနက်သုံးချင်ရင် အဲဒါကို ၀ယ်ရမယ်လို့ပြောနေတယ်လဲ။ လူကလေး လဲ ဗိုင်းရပ် ဆိုတာကိုသိတာနဲ့
ချက်ချင်း System restore ပြန်လုပ်တာပေါ့။ ဒီကောင်က လဲခေသူမဟုတ်ဘူး System Restore ကိုပေးလုပ်ဘူး။ လူကလေး တော့ ခေါင်းမီးတောက်သွားတယ်၊ ဒီတစ်ခါတော့ သွားပြီးပေါ့ ၊
ကွန်ပျူတာဖွင့်လိုက်ပြီးဆိုတာနဲ့ သူက အရင်ပေါ်လာတာဘဲ ရွေးစရာလဲ OK တစ်ခုဘဲပေးထားတယ်
သူလုပ်ထားပုံလေးကတော့ ကောင်းပါ့ဗျာ မသိရင် သူကဘဲ ဗိုင်းရပ်ကို တတ်ပေးနေသလို scan တွေဘာတွေလုပ်နေလိုက်တာ။ ပြီးရင် သူ့ဗိုင်းရပ်ကိုသူပြန်ပြတယ် အဲဒါကိုတတ်နိုင်ဘို့ကိုပိုက်ဆံတောင်းတော့တာဘဲ။ဒီလိုပုံစံမျိုးလေးပေါ်လာတယ်။
အင်တာနက်လဲသုံးလို့မရတော့ လူကလေး တော့ရူးချင်တော့တာဘဲ။
နောက်ဆုံးတစ်ခြားကွန်ပျူတာတစ်လုံးနဲ့ ရှာလိုက်တာ STOPzilla ဆိုတာလေးကိုတွေ့လိုက်တယ်
ဒါနဲ့ဘဲ ရှင်းလိုက်တာအဆင်ပြေသွားတယ်
သူငယ်ချင်းတွေလဲ ကြုံလာခဲ့ရင်အလွယ်တစ်ကူရှင်းနိုင်အောင်လို့တင်ပေးထားပါတယ်
စပိုင်ဝဲလ် တော်တော်များများကို တတ်နိုင်တယ်။ လိုချင်ရင်တော့ ဒီနေရာကဒေါင်း လိုက်ကြပါ။
 အားလုံးအဆင်ပြေကြပါစေလို့ လူကလေးဆုတောင်းပေးပါတယ်၊

Saturday, October 9, 2010

ဘလော့ဒ် ပြုလုပ်ရာတွင်လိုအပ်သည့်အချက်များ

ပြီးခဲ့တဲ့ အပါတ်က လူကလေးကို ဘော်ဒါတစ်ယောက်မေးနေတယ်။ ဘလော့ကို ဘယ်လိုလုပ်ရသလဲ?
ဘာတွေလိုအပ်သလဲပေါ့၊
လူကလေး အဖြေတွေကလွဲချင်လွဲနေမယ်နော်
အမှန်တွေဘဲလို့တော့မထင်နဲ့
လူကလေး သိသလောက်ကိုပြောပြတာပါ
ဘလော့ဒ် တစ်ခုလုပ်တော့မယ်ဆိုရင် gmail account တစ်ခုရှိရမယ်
နောက်ပြီး Html အကြောင်းကို အနည်းအကျဉ်းနားလည်ထားရင်ပိုကောင်းတယ်.
နားမလည်ထားလဲရပါတယ် ဒါပေမယ့် စားတော့နည်းနည်းဖတ်ရတာပေါ့
လူကလေးစလုပ်တုန်းက တွေ့သမျှ ဘလော့ဒ်အကြောင်းတွေကိုလိုက်ဖတ်လိုက်တာဘဲ
ပြီးတော့လုပ်ကြည့်လိုက်တာ တစ်လလောက်ကြာတော့ အဆင်ပြေလာတယ်လို့ဆိုရမှာဘဲ
လူကလေး စလုပ်ကတည်းက ဖတ်တဲ့စာအုပ်လေးကို အခုတင်ပေးလိုက်မယ်
ဒေါင်းလော့ဒ်လုပ်ပြီးဖတ်ကြည့်လိုက်ပေါ့
အရေးကြီးဆုံးအချက်တွေကိုပြောဖို့မေ့နေတယ်....
ဘလော့ဒ် လုပ်ချင်တယ်ဆိုရင်တော့...
၁။ မျက်မှန် တစ်လက် လိုတယ် (စာလိုက်ဖတ်ရတာများလို့)
၂။ အဆဲခံနိုင်ဘို့လဲလိုတယ် (အဲဒါကအရေးကြီးတယ်)
ကဲစာအုပ်ကိုတော့ ဒီမှာဒေါင်း ယူပေါ့ဗျာ ကျနော်က မောင်စေတနာ ဆီက ကော်ပီလုပ်ထားတာနော်

Thursday, October 7, 2010

VCD Cuter

အဟောင်းတွေထဲက အကောင်းတွေလို့ဆိုရမယ့် သဘောပါဘဲ။ အခုတင်ထားတဲ့ဆော့ဝဲလ်က တစ်ကယ့်ကို အဟောင်းတစ်ခုပါ။ လူကလေး သုံးလာခဲ့တာဘဲ အတော်လေးကိုကြာပါပြီး အခုချိန်ထိကိုသုံးနေတာဘဲ။ ဘာတွေကောင်းသလဲလို့မေးရင်..
လူကလေးပြောပြပါမယ်
၁။ ဗီဒီယို ဖိုင်တွေကို ကိုလိုချင်တဲ့အစိတ်ပိုင်းကို ဖြတ်ယူလို့ရတယ်
၂။ အရုပ်နဲ့ အသံတွေကို ခွဲထုတ်လို့ရတယ်။ အရုပ်ပိုင်းက တစ်ဖိုင် အသံ ပိုင်းက တစ်ဖိုင် တစ်ခါတည်းခွဲထုတ်လို့ရပါတယ်
၃။Mp3ဖိုင်အဖြစ်နဲ့အလွယ်တစ်ကူပြောင်းလဲနိုင်တယ်။
၎။AVI ဖိုင်အဖြစ်လဲပြောင်းလဲလို့ရပါတယ်
အဲဒါလောက်ဆို ရင် ကောင်းပြီးလို့ထင်တာပါဘဲ
နောက်တစ်ခုအားသာချက်က Install လုပ်စရာမလိုပါဘူး...
အင်စတော လုပ်စရာမလိုတော့ လူကလေးတို့ လို လူပိန်း တွေအတွက် အဓိက အားသာချက်ပေါ့ဗျာ
မိတ်ဆွေတို့လိုချင်ရင်တော့ ဒီကနေ ယူသွားလိုက်ပါ၊
အဆင်ပြေမပြေကိုလဲပြောထားခဲ့ပါအုံး။ လူကလေး အခုမှ ဘလော့ဒ် စရေးတာဆိုတော့ အားလုံးအဆင်ပြေချင်မှပြေမှာပါ၊ အဆင်မပြေရင် ပြန်ပြင်လို့ရအောင်လို့ပါ၊။
လာရောက်သူများအားလုံးကို လူကလေး မှ အထူးကျေးဇူးတင်ရှိပါတယ်။
Download VCD CUTER

Tuesday, October 5, 2010

Phot Slideshow

ဓါတ်ပုံတွေကို youtube မှာ သူများတွေတင်သလို လိုက်ပြီးလုပ်ကြည့်ရအောင်လို့ပါ၊ ဒါမှမဟုတ် စီဒီ ထုတ်ချင်တယ်ဆိုလဲရပါတယ်၊ အခုတင်ထားတာက Sho Big လို့ခေါ်တဲ့ ဆော့ဒ်ဝဲလေးပါ။
သူက ဘာတွေကောင်းလို့လဲ?
အင်း......
သူက effect တွေ animations တွေကို လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်သုံးလို့ရတယ်
သူကို အော်တို လို့ပေးလိုက်တာနဲ့ ပုံတွေအားလုံးရဲ့ လှုပ်ရှားမူကိုတစ်ပုံနဲ့တစ်ပုံမတူအောင် အလိုအလျှောက်ထည့်ပေးထားပါတယ်သီချင်းတွေကို နဲ့ ထည့်လို့ရသလို မြန်မာစာလုံး အားလုံးကို လဲ ရိုက်လို့ရပါတယ်၊ effect တစ်ခုရဲ့ အချိန်ကို လွယ်ကူစွာညှိလို့ရပါတယ် လိုချင်တယ်ဆိုရင်တော့ ဒီနေရာ  မှာယူသွားပါ၊ အဆင်မပြေရင်တော့ lukalay4@gamil.com ကိုဆက်သွယ်စေချင်ပါတယ်
လာရောက်လည်ပါတ်သူများကို အထူးကျေးဇူးတင်ပါတယ်
 ဒေါင်းလို့မရ ရင် ဒီကနေ ထပ်ပြီးကြိုးစားကြည့်ပါ။

Web Address

ဒါကေတော့ website လိပ်စာတွေပါ ဘယ် website မှာ ဘာတွေလုပ်လို့ရသလဲဆိုတာကို လိပ်စာနဲ့တကွရှင်းပြထားပေးပါတယ်၊ လိုချင်ရင်တော့ ဒီနေရာ မှာယူသွားပါ၊၊
အဆင်ပြေမယ်လို့ထင်ပါတယ်

Monday, October 4, 2010

အချစ်နဲ့ အမုန်း ပြိုင်ပွဲ

သံလျှပ်ကိုရေထင် ရွှေသမင်ရေလိုက်မှားတာတော့မဟုတ်ဘူး
သောကတွေကို တွေ့လျှက်နဲ့ ငါရှေ့ကိုဆက်ခဲ့တာပါ၊
ပြန်ရမယ့်ဒါဏ်ရာကိုလဲ ငါရှောင်မသွားဘူး
မေ့လိုက်ပါလို့ မင်းကပြောမှာလား
လွယ်လွယ်မေ့လို့ရရင် ဟိုအရင်ကတည်းက ငါချစ်ခဲ့မှာမဟုတ်ဘူး
ခပ်စောစောလေးမေ့လိုက်ချင်တာပေါ့
မင်းငါ့ကိုမုန်းတယ်လို့ပြောလိုက်ရုံနဲ့ ငါရှုံးနိမ့်ပြီးထင်နေလား
ငါ့ရင်မှာ အချစ်ရှိနေသရွေ့ ငါမင်းကိုမမေ့သလို
ဘယ်တော့မှလဲရှုံးမှာမဟုတ်ဘူး၊၊
မင်းမုန်းတာနဲ့ ငါကချစ်တာ ဘာမှ မဆိုင်တာဘဲ

Sunday, October 3, 2010

Halloween သရဲများနေ့

Clipart

Teamviewer

အခုတင်ထားတာတော့ သူများတွေတင်ထားတာကြာပါပြီး
ဒါပေမယ့် လမ်းကြုံရင်ယူသွားလို့ရအောင်ပါ
Teamviewer လေးပါ သူငယ်ချင်းများကို ကူညီနိုင်အောင် လို့ပါ
ဒီမှာယူလိုက်ပါ အဆင်ပြေကြပါစေဗျာ

မြန်မာခေတ်ပေါ် MP3 သီချင်းများကိုလွယ်ကူစွာဒေါင်းနိုင်သောနေရာ

လူကလေး ကစာရေးရတာပျင်းတာနဲ့ ဘာမှကိုမရေးဖြစ်ပါဘူး
အင်တာနက်မှာ blog တစ်နေရာယူထားပြီး ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး
အခုအချိန်နည်းနည်းအားတာနဲ့ စပြီးရေးတာပါ...(အချိန်မရှိဘူးဆိုတာ အလုပ်များနေလို့မဟုတ်ဘူး ကြောင် ပွါး လုပ်နေလို့ပါ)၊
လူကလေးပွါးနေတာနဲ့မပြီးတော့ဘူး
ရေးချင်တာက တစ်ကြောင်းတည်းပါ မြန်မာသီချင်းတွေကို ဒေါင်းလော့ဒ် လုပ်ချင်တဲ့သူများအတွက် အလွယ်တကူလုပ်နိုင်တဲ့ ဆိုဒ်ကလေးပါ၊ လူတော်တော်များတော့ သိပြီးသားဖြစ်ပါတယ်၊
ဒီနေရာလေးကို  သွားလိုက်ပါ၊
အဆင်ပြေကြပါစေလို့ လူကလေးဆုတောင်းပေးလိုက်တယ်နော်