Wednesday, December 30, 2015
အပြစ်
အပြစ်
လသာတဲ့ညတွေမှာ 
လမင်းကိုငေးကလေးအတွေးနဲ့
ပေးပါဗျ ထမင်းဆီစမ်း
ရွှေလင်ဗန်းနဲ့ပါတဲ့
မရတာလဲဂရုမစိုက်
ခပ်မိုက်မိုက်ဘဲထပ်တောင်းမယ်
မပေးမှန်းလည်းသိပါတယ်...
အခုချိန်မှာလဲ
ငါလိုချင်တာမင်းရဲ့အချစ်
မပေးချင်တာလဲမင်းအပြစ်မဟုတ်
တစ်ကယ်လည်းဟုတ်ပါတယ်
ငါက ဘာမဟုတ်တဲ့ အညတရ
မင်းက လှပတဲ့ငွေစန္ဒာ
သေချာတာတော့ ငါ့အပြစ်ပေါ့
အဖြစ်မရှိတဲ့ငါ့ဘ၀မှာ
ချစ်ဆိုတာ ရှိခဲ့လို့ပါ 
လူကလေး
Sunday, February 20, 2011
ဗီဒီယို ဒေါင်းရန်
လူကလေးအင်တာနက်နဲ့ကင်းဝေးသွားတာကြာလှပါပြီး
ရေးစရာအကြောင်းအရာမရှိတာနဲ့ဘဲ ဘာမှဆက်မရေးဖြစ်ဘူး
အခုမှဘဲ ကေပီသရီး ဆီကနေ ဗီဒီယိုဒေါင်းလော့ လုပ်တဲ့ဆော့ဝဲလ်လေးတစ်ခုတွေ့လို့
ပြန်ပြီးရှယ်ယာလုပ်ပေးလိုက်တာပါ။ REALPLAYER နဲ့ဆင်တူပါဘဲ
သူ့ကလဲ အော်တို ဒေါင်းလော့လေးပေါ်ပေးပါတယ် ကိုဖွင့်လိုက်တဲ့ ရုပ်ရှင်တိုင်းမှာ
အလိုအလျှောက် အပေါ်ညဘက်ထောင့်မှာပေါ်လာပါလိမ့်မယ်၊
လိုချင်သူများ ဒီနေရာကနေ သွားပြီးဒေါင်းလိုက်ကြပါ၊
အားလုံးအဆင်ပြေနိုင်ကြပါစေ။
                                                    လူကလေး
Saturday, December 4, 2010
ရွ့ထဲကမေတ္တာ
ဒီကဗျာကို ကျနော်သူငယ်ချင်းတစ်ယောက်ဆီကရတာပါ။ လူကလေးကြိုက်လွန်းလို့ တင်ထားလိုက်တာပါ . .. ကဗျာရေးသားသူကတော့ ဒီကဗျာကို မျက်ရည်တွေနဲ့ရေးခဲ့ပါတယ်တဲ့ 
ရေးသားသူ....... ယွန်းနေခြည်
နှလုံးသားတန်ဖိုးမဲ့သတဲ့လား
အဲဒ်ီတန်ဖိုးမဲ့နှလုံးသားဟာ
မီးကျိုးမောင်းပျက် အနမ်းတစ်စုံကြောင့်
ရှင်သန်နိုးထလာတယ်
"ရွှေဘီးသည် ရွှေဘီး
ရွှေစော်နံပြန်ပါဦး"
"ငွေဘီးသည်ငွေဘီး
ငွေစော်နံပြန်ပါဦး"လို့
ငယ်ငယ်က,စားခဲ့တဲ့မင်း
ခုတော့....................
ရွှေတွေ...ငွေတွေ
မင်းနှလုံးသားမှာကွတ်ကုန်ပြီလား
ရွှေနံ့မရလို့  ငွေနံ့မရလို့
ပြန်ပါဦးလို့ ငါ့နှလုံးသားကို
မင်းနှလုံးသားနဲ့ရင်းပြီးကစားခဲ့ရင်လည်း
ဓနမဲ့နှလုံးသားဟာပြုံးတုံ့တုံ့ပေါ့
ဥစ္စာဓနအတွက်
အချစ်ကိုယဇ်ပူဇော်ကြသူတွေနဲ့
ဥစ္စာဓနကိုဗန်းပြပြီး
အချစ်ကို ထောင်ဖမ်းတဲ့သူတွေကို
ဆရာကြီး "ဘားနဒ်ရှော"က
"ဥပဒေဘောင်အတွင်းက ပြည့်တန်ဆာစနစ်" တဲ့
ဒီစကားလုံးအတိုင်းပဲ
ငါ့ရဲ့ဓနမဲ့နှလုံးသားထဲက
မင်းရဲ့မီးကျိုးမောင်းပျက်အနမ်းတစ်စုံကို
မင်းပဲအပြီးအပိုင် ဆွဲနှုတ်သွားတယ်
သင်္ခါရအနမ်း။                         ။
                                                                                                                                                                                                                             ယွန်းနေခြည်
Sunday, November 14, 2010
E to E Dictionary
အခုတင်ထားတာက အင်္ဂလိပ် - အင်္ဂလိပ် ဘာသာပြန်ပါ၊သူဆီမှာ ပုံတွေနဲ့တကွ လေ့ကျင့်ခန်းတွေလဲလုပ်လို့ရသလို သဒ္ဒါပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလဲပါတယ်၊
အွန်လိုင်းမလိုဘူး ခွေမလိုဘူးဆိုတော့ သုံးရတာပိုပြီးအဆင်ပြေတာပေါ့၊
ကျနော်ကတော့ အမြဲဆောင်ထားတယ်။ အဓိပ္ပါယ်သိချင်ရင် တစ်ခုရှာလိုက်တာနဲ့ သူနဲ့စပ်စပ်တဲ့စကားလုံးတွေ
အားလုံးကိုဖော်ပြပေးတယ်၊
နောက်တစ်ခါဆိုရင်တော့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ကို တင်ပေးပါမယ့်
လိုချင်ကြလိမ့်မယ်လို့လဲထင်ပါတယ်နော်အခုတော့ ဒါလေးနဲ့ဘဲကျေနပ်ပေးကြပါလို့တောင်းပန်ပါတယ်
လိုချင်ရင် ဒီမှာဒေါင်းလော့ လုပ်ယူကြပါ။
အားလုံးပျော်ရွင်နိုင်ကြပါစေလို့ လူကလေးဆုတောင်းလိုက်ပါတယ်၊
download
Sunday, November 7, 2010
HAPPY BIRTHDAY
ကျနော်လူကိုယ်တိုင်မရောက်နိုင်တဲ့အတွက် ဒါလေးနဲ့ဘဲ နှစ်သိမ့်ပါရစေ နော်
ဓါတ်ပုံပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ ကျနော်တင်ခဲ့တာပါ။ ထို့အတွက်ကြောင့် ဓါတ်ပုံပိုင်ရှင်အားလည်းကောင်း၊ ၎င်းနှင့်ပါတ်သက်သောသများအားလုံကို ကျနော်လူကလေးမှ တောင်းပန်ပါသည်
Friday, October 29, 2010
EBUDDY
အခုနောက်ပိုင်း gtalk မှာ connection ကျနေကြတယ်။ အထူးသဖြင့်မြန်မာပြည်ကပေါ့
အခုပေးမယ့် နည်းကတော့ လူကလေးသူငယ်ချင်းတစ်ယောက်ပြောပြတာပါ၊
အကောင့်တစ်ခုတည်းကနေ တစ်ခြား chatting တော်တော်များများကို ပြောလို့ရပါတယ်၊
ဒါပေမယ့် ဖုန်းတော့ခေါ်လို့မရဘူးနော်။ စာရိုက်မယ်ဆိုရတော့ရိုက်လို့ရပါတယ်
ဘယ်လိုဘဲဖြစ်ဖြစ် အဆက်သွယ်လုပ်လို့မရတာနဲ့စာရင်တော့ ကောင်းသေးတာပေါ့
ကဲ .. ဘယ်လိုလုပ်ရမလဲဆိုတာပြောကြရအောင်
၁။ http://www.ebuddy.com/ebuddy_id.php ကို သွားလိုက်ပါ။
၂။ အဲဒီမှာ create an eBuddy ID ကိုတွေ့ရင် တစ်ချက်ကလစ်လိုက်ပါ။
ပြီးရင် အကောင့်တစ်ခုဖွင့်လိုက်ပေါ့။
၃။ ဖွင့်လို့ပြီးသွားရင် www.ebuddy.com ကိုသွားလိုက်ပါ။အပေါ်ဆုံးမှာ web ဆိုတဲ့ နေရာကိုတစ်ချက်ကလစ်လိုက်ပါ။
၎။ အဲဒီမှာ အစိမ်းရောင်လေးနဲ့ Start The New Messenger ဆိုတာကိုကလစ်လိုက်ပါ။
၅။ ဒါကနောက်ဆုံးအဆင့်ဘဲ အဲဒီလိုကလစ်လိုက်တာနဲ့ new window တစ်ခုပေါ်လာပါမယ်၊
အဲဒီနေရာမှာ ကိုယ်က ဘယ်ကိုဆက်သွယ်ချင်တယ်ဆိုတာကို မေးပါလိမ့်မယ်။
Network နေရာမှာ သုံးချင်တဲ့ လိုင်းကိုရွေးပေါ့ gtalk ဆိုရင် gtalk ပေါ့။ yahoo ဆိုရင်လဲ yahoo ကိုရွေးပေါ့
ပြီးရင် sing in လုပ်လိုက်တာနဲ့ ပြောလို့ရပြီး
ကဲ.. အားလုံးအဆင်ပြေကြပါစေဗျာ
လုပ်လို့မခဲ့ရင် lukalay4@gamil.com ကိုဆက်သွယ်ပြီးမေးနိုင်ပါတယ်
Saturday, October 23, 2010
ဓါတ်ပုံတွေကိုပြန်ရှာမယ်
Magic.Photo Recover
ဒါကတော့ ကင်မရာ ထဲမှာ ရိုက်ထားတဲ့ဓါတ်ပုံကို မှားပြီးဖျက်လိုက်မိတဲ့ပုံတွေကို ပြန်လိုချင်ရင်ရှာပေးတဲ့ဆော့ဝဲလ်လေးပါ၊ လူကလေးစမ်းသုံးကြည့်တော့ ပုံအားကိုပြန်ရတယ်
လူကလေးကတော့ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ keygan ပါတစ်ခါတည်းပါလာလို့လေ
ဘယ်လိုဘဲဖြစ်ဖြစ် ကြုံလာရင်သုံးလို့ရအောင်လို့ လူကလေး တင်ထားပေးပါတယ်၊
ဒေါင်းလော့လုပ်မယ်ဆိုရင်တော့ Magic.Photo Recover ကို နှိပ်လိုက်ပေါ့
အားလုံးအဆင်ပြေကြပါစေလို့ လူကလေးဆုတောင်းပေးပါတယ်