Wednesday, December 30, 2015
အပြစ်
အပြစ်
လသာတဲ့ညတွေမှာ 
လမင်းကိုငေးကလေးအတွေးနဲ့
ပေးပါဗျ ထမင်းဆီစမ်း
ရွှေလင်ဗန်းနဲ့ပါတဲ့
မရတာလဲဂရုမစိုက်
ခပ်မိုက်မိုက်ဘဲထပ်တောင်းမယ်
မပေးမှန်းလည်းသိပါတယ်...
အခုချိန်မှာလဲ
ငါလိုချင်တာမင်းရဲ့အချစ်
မပေးချင်တာလဲမင်းအပြစ်မဟုတ်
တစ်ကယ်လည်းဟုတ်ပါတယ်
ငါက ဘာမဟုတ်တဲ့ အညတရ
မင်းက လှပတဲ့ငွေစန္ဒာ
သေချာတာတော့ ငါ့အပြစ်ပေါ့
အဖြစ်မရှိတဲ့ငါ့ဘ၀မှာ
ချစ်ဆိုတာ ရှိခဲ့လို့ပါ 
လူကလေး