Friday, October 29, 2010

EBUDDY

အခုနောက်ပိုင်း gtalk မှာ connection ကျနေကြတယ်။ အထူးသဖြင့်မြန်မာပြည်ကပေါ့
အခုပေးမယ့် နည်းကတော့ လူကလေးသူငယ်ချင်းတစ်ယောက်ပြောပြတာပါ၊
အကောင့်တစ်ခုတည်းကနေ တစ်ခြား chatting တော်တော်များများကို ပြောလို့ရပါတယ်၊
ဒါပေမယ့် ဖုန်းတော့ခေါ်လို့မရဘူးနော်။ စာရိုက်မယ်ဆိုရတော့ရိုက်လို့ရပါတယ်
ဘယ်လိုဘဲဖြစ်ဖြစ် အဆက်သွယ်လုပ်လို့မရတာနဲ့စာရင်တော့ ကောင်းသေးတာပေါ့
ကဲ .. ဘယ်လိုလုပ်ရမလဲဆိုတာပြောကြရအောင်
၁။ http://www.ebuddy.com/ebuddy_id.php ကို သွားလိုက်ပါ။
၂။ အဲဒီမှာ create an eBuddy ID ကိုတွေ့ရင် တစ်ချက်ကလစ်လိုက်ပါ။
ပြီးရင် အကောင့်တစ်ခုဖွင့်လိုက်ပေါ့။
၃။ ဖွင့်လို့ပြီးသွားရင် www.ebuddy.com ကိုသွားလိုက်ပါ။အပေါ်ဆုံးမှာ web ဆိုတဲ့ နေရာကိုတစ်ချက်ကလစ်လိုက်ပါ။
၎။ အဲဒီမှာ အစိမ်းရောင်လေးနဲ့ Start The New Messenger ဆိုတာကိုကလစ်လိုက်ပါ။
၅။ ဒါကနောက်ဆုံးအဆင့်ဘဲ အဲဒီလိုကလစ်လိုက်တာနဲ့ new window တစ်ခုပေါ်လာပါမယ်၊
အဲဒီနေရာမှာ ကိုယ်က ဘယ်ကိုဆက်သွယ်ချင်တယ်ဆိုတာကို မေးပါလိမ့်မယ်။
Network နေရာမှာ သုံးချင်တဲ့ လိုင်းကိုရွေးပေါ့ gtalk ဆိုရင် gtalk ပေါ့။ yahoo ဆိုရင်လဲ yahoo ကိုရွေးပေါ့
ပြီးရင် sing in လုပ်လိုက်တာနဲ့ ပြောလို့ရပြီး
ကဲ.. အားလုံးအဆင်ပြေကြပါစေဗျာ
လုပ်လို့မခဲ့ရင် lukalay4@gamil.com ကိုဆက်သွယ်ပြီးမေးနိုင်ပါတယ်

No comments:

Post a Comment