Monday, October 4, 2010

အချစ်နဲ့ အမုန်း ပြိုင်ပွဲ

သံလျှပ်ကိုရေထင် ရွှေသမင်ရေလိုက်မှားတာတော့မဟုတ်ဘူး
သောကတွေကို တွေ့လျှက်နဲ့ ငါရှေ့ကိုဆက်ခဲ့တာပါ၊
ပြန်ရမယ့်ဒါဏ်ရာကိုလဲ ငါရှောင်မသွားဘူး
မေ့လိုက်ပါလို့ မင်းကပြောမှာလား
လွယ်လွယ်မေ့လို့ရရင် ဟိုအရင်ကတည်းက ငါချစ်ခဲ့မှာမဟုတ်ဘူး
ခပ်စောစောလေးမေ့လိုက်ချင်တာပေါ့
မင်းငါ့ကိုမုန်းတယ်လို့ပြောလိုက်ရုံနဲ့ ငါရှုံးနိမ့်ပြီးထင်နေလား
ငါ့ရင်မှာ အချစ်ရှိနေသရွေ့ ငါမင်းကိုမမေ့သလို
ဘယ်တော့မှလဲရှုံးမှာမဟုတ်ဘူး၊၊
မင်းမုန်းတာနဲ့ ငါကချစ်တာ ဘာမှ မဆိုင်တာဘဲ

No comments:

Post a Comment